♦️ကမ်ရှက်ဖ်အကြောင်း♦️

♦️ကမ်ရှက်ဖ်အကြောင်း♦️

ကားဝါသနာရှင်များအားလုံးသိကြတဲ့ ကမ်ရှက်ဖ် (Camshaft) အကြောင်းလေးပါ။ အင်ဂျင်တစ်လုံးရဲ့ ဦးနှောက်လို့တင်စားကြသလို အင်ဂျင်စွတ်ပြုတ်ရဲ့ လျို့ဝှက်ပါဝင်ပစ္စည်း (secret ingredient in the engine soup) ရယ်လို့လည်းတင်စားကြပါတယ်။ Internal combustion engine တစ်လုံးလည်ပတ် ဖို့အတွက် လေနဲ့လောင်စာဆီကို အင်ဂျင်တွင်း သွင်း ပေးတာဟာ camshaft ပါပဲ။ သု့ရဲ့လုပ်ငန်းစဉ်တွေ အနေနဲ့ four stroke cycle မှာ

၁။ Intake Stroke။ ပစ္စတင်ဟာ TDC ဆိုတဲ့ ဆလင်ဒါ ထိပ်ဆုံးကနေ အောက်ကိုဆင်းတော့ မှာပါ။ အဝင်အထွက်ဗားများဟာ အနည်းငယ်ပွင့် နေရာကနေ ပစ္စတင်အောက်ကိုအဆင်း အထွက် ဗားဟာ အပိတ်နဲ့ အဝင်ဗားအပွင့် အနေအထားကို Camshaft ကပြုလုပ်ပေးရပါတယ်။
၂။ Compression Stroke။ ပစ္စတင်ဟာ လေရှူပြီး အောက်ဆုံးကနေ အပေါ်ကိုပြန်အတက် အထွက် ဗားဟာ ပိတ်မြဲဆက်ပိတ်နေပြီး အဝင်ဗားဟာ ဖွင့်ထားရာက ပြန်ပိတ်ရပါမယ်။
၃။ Power Stroke။ ဗား၂မျိုးလုံးပိတ်ထားပြီး Spark plug ကမီးပေးတဲ့အခါ ပစ္စတင်အောက်ပြန် အကျ၊ အောက်ဆုံး BDC မရောက်ခင် အထွက်ဗား စပြီးပွင့်ပါမယ်။

၄။ Exhaust Stroke။ အထွက်ဗားဆက်ပွင့်နေပြီး ပစ္စတင်အောက်ဆုံးကနေ ပြန်တက်လာကာ အပေါ်ဆုံးTDC မရောက်ခင် အဝင်ဗားစပြီး ပွင့်လာ ပါမယ်။ ဗားတွေအဖွင့်အပိတ်ကို လုပ်ဆောင်ပေးနေ တာကတော့ Camshaft ပဲဖြစ်ပါတယ်။ အထက်ပါအစီအစဉ်အရ Exhaust stroke အဆုံးနားနဲ့ Intake stroke အစနားတွေမှာ ဗား ၂မျိုးလုံးပွင့်နေတာတွေ့ရပါမယ်။ အာ့ကို Valve overlap လို့ခေါ်ပါတယ်။ Power stroke ကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားမြင့် exhaust gas တွေဟာ Exhaust stroke မှာ အထွက်ဗားကနေ ထိုးထွက် နေတဲ့ အပြင် ပစ္စတင်ဟာလည်း အပေါ်ပြန်တက် လာတဲ့အတွက် gas များဟာ အထွက်ပေါက်မှ အလျှင်ပြင်းပြင်းနဲ့ထွက်သွားလို့ cylinder ထဲမှာ လေဟာနယ်ဖြစ်ကျန်ခဲ့ပါတယ်။ အဲ့ချိန်မှာပဲ ပစ္စတင်ဟာ ထိပ် TDC အနီးရောက်လာတဲ့အခါ Intake stroke စ ဖို့အတွက် အဝင်ဗားလည်း စပြီး ပွင့်လာပါတယ်။ အဝင်ဗားကအပွင့် ဆလင်ဒါထဲ မှာလည်း လေဟာနယ်ကဖြစ်နေတော့ ပြင်ပက လေကို ဆွဲသွင်းလိုက်တော့တာပါပဲ။ ဒါပေမယ့် အထွက်ဗားကလည်း အဆုံးထိမပိတ်သေးတော့ အဲ့ကနေ နည်းနည်းတော့ ပြန်ထွက်သွားပါမယ်။ အဲ့ဒါကလည်းပဲ ဆလင်ဒါထဲမှာ exhaust gas လုံးဝ လက်ကျန်မရှိစေတာပါ။ ပစ္စတင်အောက်ပြန် အဆင်းမှာတော့ အထွက်ဗားအဆုံးထိပိတ်ပြီး အဝင်ဗားအဆုံးထိပွင့်လာကာ Scavenging ဖြစ်စဉ် ဖြစ်စေပါတယ်။ ဒီနေရာမှာ အဝင်ဗားဖွင့်ချိန်ဟာ အရမ်းအရေးပါတဲ့ အချက်ဖြစ်ပါတယ်။ တကယ်လို့ အဝင်ဗားနောက်ကျပြီး ပွင့်တယ်ဆိုပါစို့၊ ပြင်ပလေ နဲ့ဆီ ဝင်ရောက်မှုနည်းသွားမယ့်အပြင် exhaust gas တွေကိုအကုန်တွန်းထုတ်ဖို့လည်း မဖြစ်နိုင် ပါဘူး။ အဲ အဝင်ဗားစောပြီးပွင့်ရင်လည်း exhaust gas တွေက အဝင်ဗားကိုပါရောက်ပြီး လေဟာနယ် ဖြစ်ဖို့ ခဲယဉ်းသွားပါမယ်။ အာ့ဆိုရင် Scavenging ကနေ Reversion အခြေအနေကို ရောက်သွား ပါမယ်။ ဒါ့ကြောင့် အဝင်ဗားပွင့်ချိန်ဟာ အင်ဂျင် စွမ်းအားကိုသိသိသာသာပြောင်းလဲစေပါတယ်။ ဒီလိုပါပဲ အထွက်ဗား နောက်ကျပြီးမှ ပိတ်ရင်လည်း လေဟာနယ် ဖြစ်မှုများပြီး ပြင်ပလေနဲ့ဆီကို လိုတာထက်ပိုဆွဲသွင်းမှာဖြစ်သလို စောပိတ်ရင် လည်း exhaust gas တွေကျန်ကာ လေဟာနယ်လဲ လျော့ပါမယ်။ အဲ့အတွက် valve overlap အချိန်ကို တိတိကျကျမှန်မှန်ကန်ကန်ဖြစ်အောင် ကြိုးကိုင် ရတဲ့ Camshaft ကိုတော့ ခဲရင်းစွာ ဒီဇိုင်းပြုလုပ် ရပါတယ်။ Valve overlap ဒီဇိုင်းကို camshaft မှာ အသေပြုလုပ်ထားတာဖြစ်လို့ ပြောင်းလို့တော့ မရပါဘူး။ ဒါဆို အဝင်ဗား အထွက်ဗားတွေကို အင်ဂျင်လည်ပတ်မှုအလိုက် စော/နောက်ကျ ဖွင့်ဖို့ အတွက်ကျတော့ရော? Valve overlap အသေ ဖြစ်နေလို့ camshaft တစ်ချောင်းလုံးကို စော/နောက်ကျ ချိန်ပေးရပါတယ်။ အာ့ကိုတော့ Valve timing ဗားတိုင်းမင် လို့ခေါ်ပါတယ်။ ယနေ့ခေတ်စားနေတဲ့ Variable Valve Timing VVT စနစ်ဆိုတာအာ့ပါပဲ။ Valve Overlap အတွက် Camshaft မှာ အသေပြုလုပ်ထားဖို့အတွက် Lobe Separation Angle (LSA) ကိုသိရပါမယ်။ ပုံမှာကြည့်ပေးပါ။ Camshaft လို့ခေါ်တဲ့အတိုင်း Shaft ဆိုတဲ့ အချောင်းပေါ်မှာ Cam ဆိုတဲ့ (စက်ဝိုင်းကို Lobe ဆိုတဲ့ အခုံးချွန်လေး) တပ်ထားတဲ့ camshaft ပါ။ အဲ့ Cam လေး၂ခုရဲ့ lobe ၂ ခုကြားအကွာအဝေး ထောင့်ကို LSA လို့ ခေါ်ပါတယ်။ ဒါကတော့ single camshaft ပါ။ အဝင်ဗားနဲ့ အထွက်ဗား ကပ်လျက်ကို camshaft တစ်ချောင်းထဲနဲ့ ထိန်းတာပါ။ SOHC ပေါ့။ DOHC (Dual over head Camshaft) ဆိုရင်တော့ LSA အတိုင်း Camshaft ၂ ချောင်းမှာခွဲပြီး ပြုလုပ်လိုက် ရုံပါပဲ။ LSA ထောင့် ကျဉ်းလာတာနဲ့ Overlap များ လာပါမယ်။ ထောင့်အားဖြင့် 98 မှ 120 ဒီဂရီ အထိ ရှိတတ်ပါတယ်

မူရင်းရေးသားသူ Lin Htet

Design a site like this with WordPress.com
Get started